Local News

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ၏စျေးနှုန်းနှင့်ရောင်းဝယ်မှုအခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီးကုန်စည်ဒိုင် (၁၅) ခု ရှိခဲ့သည့်အနက် ဟင်္သာတ ပဲမျိုးစုံကုန်စည်ဒိုင်နှင့် ညောင်တုန်းဆန်စပါး ကုန်စည်ဒိုင်သာ အရောင်းအဝယ်ဖြစ်နေပါသည်။ ညောင်တုန်းပဲကုန်စည်ဒိုင်မှာ ပဲရာသီချိန်တွင်သာ အရောင်းအဝယ်ဖြစ်ပါသည်။ ကုန်စည်ဒိုင်(၂) ခု ၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအခြေအနေများမှာ -

(က)  ဟင်္သာတပဲကုန်စည်ဒိုင်။    ဟင်္သာတပဲကုန်စည်ဒိုင်တွင် ယခုတစ်ပတ် ပဲလွန်း (ဖြူ၊နီ)နှင့် ဘိုကိတ်(သစ်)စျေးငြိမ်နေပြီး၊ ပဲပုတ်(သစ်)စျေးကျ ခဲ့ပါသည်။ ကျန်သီး နှံများ စျေးနှုန်းမြင့်တက်ခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခင်တစ်ပတ် ထက်လျော့နည်းခဲ့ပါသည်။

(ခ )  ညောင်တုန်းဆန်စပါးကုန်စည်ဒိုင်။    ညောင်တုန်းဆန်စပါးကုန်စည်ဒိုင်တွင်  ယခု  တစ်ပတ် ဆန်ဈေးတက်ခဲ့ပြီး၊ အရောင်း အဝယ်ပုံမှန် ဖြစ်ခဲ့ပါ သည်။

Category: Local News